18. သိုးထိန်းများပြောကြားချက်ကိုကြားရသူ အပေါင်းတို့သည်အံ့သြကြ၏။-
19. သို့သော်မာရိသည်အကြောင်းအရာအလုံးစုံ တို့ကိုမှတ်ကျုံးကာစဉ်းစားဆင်ခြင်လျက်နေ ၏။-
20. သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။
21. သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
22. မောရှေ၏ပညတ်ပြဋ္ဌာန်းချက်အရမိဘ နှစ်ပါးတို့သည်သန့်စင်ခြင်းမင်္ဂလာကိုပြု ရန်အချိန်ရောက်လာသဖြင့် သူငယ်တော်ကို ယေရုရှလင်မြို့သို့ခေါ်သွား၍ထာဝရ ဘုရားအားဆက်ကပ်ကြ၏။-
23. သားဦးမှန်သမျှကိုထာဝရဘုရားအား ဆက်ကပ်ရမည်ဟူ၍လည်းကောင်း၊-
24. ချိုးနှစ်ကောင်ကိုဖြစ်စေ၊ ခိုငယ်နှစ်ကောင်ကို ဖြစ်စေပူဇော်ရမည်ဟူ၍လည်ကောင်း ထာဝရ ဘုရား၏ပညတ်တော်တွင်ဖော်ပြပါရှိသည်နှင့် အညီဆက်ကပ်ပူဇော်ကြ၏။
25. ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။-
26. ``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။-