1. သခင်ယေရှုသည်ယေရိခေါမြို့ကိုဖြတ်၍ ကြွတော်မူ၏။-
2. ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။-
3. သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။-
4. ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။-
11-12. ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ဘုရားသခင်၏နိုင်ငံ တော်ပေါ်ထွန်းတော့မည်ဟုထင်မှတ်ကြ သောကြောင့် အထက်တရားစကားများ ကိုကြားနာနေသူတို့အား ပုံဥပမာဆောင် ၍ ``မင်းညီမင်းသားတစ်ပါးသည်ရှင်ဘုရင် အရာကိုခံယူ၍ပြန်လာရန်တိုင်းတစ်ပါး သို့သွား၏။-