35. သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။-
36. သူသည်လူပရိသတ်များသွားကြသံကို ကြားလျှင်အကြောင်းကိုစုံစမ်းမေးမြန်း၏။
37. လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။
38. ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။
39. ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။