လုကာ 18:28-43 Common Language Bible (BCL)

28. ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

29. ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊-

30. ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

31. သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။-

32. လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။-

33. ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

34. သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

35. သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ မျက်​မ​မြင်​တစ်​ဦး သည်​လမ်း​နား​မှာ​ထိုင်​၍​တောင်း​စား​လျက်​နေ​၏။-

36. သူ​သည်​လူ​ပ​ရိ​သတ်​များ​သွား​ကြ​သံ​ကို ကြား​လျှင်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​၏။

37. လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။

38. ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။

39. ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။

40. သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ လျက် ``ထို​သူ​အား​ခေါ်​ခဲ့​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​နီး​သို့​ရောက်​လျှင်၊-

41. ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

42. သ​ခင်​ယေ​ရှု​က ``မျက်​စိ​မြင်​စေ။ သင်​၏ ယုံ​ကြည်​ခြင်း​သည်​သင့်​မျက်​စိ​ကို​မြင်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

43. ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။

လုကာ 18