လုကာ 17:8-21 Common Language Bible (BCL)

8. ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။-

9. အ​စေ​ခံ​သည်​မိ​မိ​အ​ရှင်​စေ​ခိုင်း​သည့်​အ​တိုင်း ဆောင်​ရွက်​သည့်​အ​တွက်​သူ့​အား​ကျေး​ဇူး​တင် စ​ရာ​မ​ရှိ။-

10. ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

11. ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​စဉ်​ကိုယ်​တော် သည်​ရှ​မာ​ရိ​ပြည်​နှင့်​ဂါ​လိ​လဲ​ပြည်​စပ်​ကြား​တွင် လျှောက်​၍​ကြွ​တော်​မူ​၏။-

12. ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။-

13. ``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။

14. ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-

15. သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။-

16. ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-

17. သ​ခင်​ယေ​ရှု​က ``လူ​တစ်​ကျိပ်​တို့​သည် အ​ရေ​ပြား​ရော​ဂါ​သန့်​စင်​သွား​ကြ​သည် မ​ဟုတ်​လော။ အ​ခြား​လူ​ကိုး​ယောက်​ကား အ​ဘယ်​မှာ​နည်း။-

18. ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-

19. ထို​နောက်​ထို​သူ​အား ``သင်​ထ​၍​သွား​လော့။ သင် ၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ ပြီ'' ဟု​မိန့်​တော်​မူ​၏။

20. ဖာ​ရိ​ရှဲ​အ​ချို့​တို့​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​အ​ဘယ်​အ​ခါ​၌​တည်​ပါ​မည်​နည်း'' ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် ခြင်း​သည်​မြင်​သာ​အောင်​တည်​သည်​မ​ဟုတ်။-

21. `ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။

လုကာ 17