လုကာ 17:25-36 Common Language Bible (BCL)

25. သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။-

26. နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-

27. သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-

28. ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-

29. သော​ဒုံ​မြို့​မှ​လော​တ​ထွက်​ခွာ​သွား​သော​နေ့ ၌​ကောင်း​ကင်​မှ​မီး​မိုး​ရွာ​၍ လူ​ခပ်​သိမ်း​တို့ သေ​ကျေ​ပျက်​စီး​ကြ​ကုန်​၏။-

30. လူ​သား​ပေါ်​ထွန်း​တော်​မူ​သော​နေ့​၌​လည်း​ဤ ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။''

31. ``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-

32. လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။

33. မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ မိ​မိ​အ​သက်​ကို​ရှုံး​စေ သော​သူ​သည်​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-

34. သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-

35. ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။-

36. လယ်​ထဲ​တွင်​ရှိ​သူ​နှစ်​ယောက်​အ​နက်​တစ်​ယောက် ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။

လုကာ 17