16. ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။-
17. သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။-
18. ဘုရားသခင်၏ဘုန်းအသရေတော်ကိုချီးကူးရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါးပြန်လာသူ တစ်ယောက်မျှမရှိသလော'' ဟုမေးတော်မူ၏။-
19. ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။
20. ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။-
21. `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။
22. ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။-
23. လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။-
24. လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။-