13. ``သခင်ယေရှုအရှင်မြတ်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုဟစ်အော်လျှောက်ထား ကြ၏။
14. ထိုသူတို့ကိုမြင်သောအခါကိုယ်တော် က ``သင်တို့သွား၍မိမိတို့ကိုယ်ကိုယဇ် ပုရောဟိတ်များအားပြလော့'' ဟုမိန့်တော်မူ၏။သူတို့သည်ယဇ်ပုရောဟိတ်များထံသွားနေစဉ် ရောဂါသန့်စင်သွားကြကုန်၏။-
15. သူတို့အနက်လူတစ်ယောက်သည်မိမိရောဂါ ပျောက်ကင်းသွားကြောင်းကိုသိသောအခါ ဘုရားသခင်၏ဘုန်းအသရေတော်ကိုအသံ ကျယ်စွာချီးကူးလျက်ကိုယ်တော်၏ထံသို့ ပြန်လာ၏။-
16. ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။-
17. သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။-
18. ဘုရားသခင်၏ဘုန်းအသရေတော်ကိုချီးကူးရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါးပြန်လာသူ တစ်ယောက်မျှမရှိသလော'' ဟုမေးတော်မူ၏။-
19. ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။
20. ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။-