1. သခင်ယေရှုက ``မှောက်မှားလမ်းလွဲစေသည့် အရာများကားမုချရှိမည်။ သို့ရာတွင် မှောက်မှားလမ်းလွဲမှုကိုဖြစ်စေသောသူ သည်အမင်္ဂလာရှိ၏။-
2. ထိုသူသည်ဤသို့သောကလေးသူငယ်တစ်စုံ တစ်ယောက်ကိုမှောက်မှားလမ်းလွဲစေမည့်အစား မိမိ၏လည်တွင်ကြိတ်ဆုံကျောက်ကြီးကိုဆွဲ လျက်ပင်လယ်ထဲသို့အချခံရသော်မှသူ့ အဖို့ကောင်းသေး၏။-
3. သို့ဖြစ်၍သတိထားလျက်ပြုမူကြလော့။``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင် သူအားဆုံးမလော့။ သူသည်နောင်တရလျှင် အပြစ်ဖြေလွှတ်လော့။-
4. တစ်နေ့တည်းတွင်ခုနစ်ကြိမ်တိုင်တိုင်သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင်သင့်ထံသို့ လာလျက် `အကျွန်ုပ်နောင်တရပါပြီ' ဟုဆို လျှင် သင်သည်သူ၏အပြစ်ကိုဖြေလွှတ်ရမည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
5. တမန်တော်တို့ကသခင်ဘုရားအား ``အကျွန်ုပ် ၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ'' ဟု လျှောက်ထားကြ၏။
6. သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။
7. ``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။-
8. ထိုသို့ဆိုမည့်အစား `ငါ၏အတွက်ညစာကို ပြင်လော့။ ငါစားသောက်စဉ်ခါးကိုစည်း၍ငါ့ အားလုပ်ကျွေးလော့။ ပြီးမှသင်စားသောက်လော့' ဟူ၍သာဆိုမည်မဟုတ်လော။-
9. အစေခံသည်မိမိအရှင်စေခိုင်းသည့်အတိုင်း ဆောင်ရွက်သည့်အတွက်သူ့အားကျေးဇူးတင် စရာမရှိ။-
10. ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။