လုကာ 16:29-31 Common Language Bible (BCL)

29. အာ​ဗြ​ဟံ​က `သင်​၏​ညီ​များ​အား​သ​တိ​ပေး​ရန် မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ချေ​သည်။ ထို​သူ​တို့ ၏​စ​ကား​ကို​နား​ထောင်​ကြ​ပါ​စေ' ဟု​ဆို​၏။-

30. သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။-

31. အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

လုကာ 16