19. ``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
20. သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။-
21. သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
22. ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
23. သူသည်မရဏနိုင်ငံတွင်ဝေဒနာပြင်းစွာခံ နေရသဖြင့် မျှော်ကြည့်လိုက်သောအခါအာဗြဟံ ကိုလည်းကောင်း၊ အာဗြဟံ၏လက်ယာဘက်တွင် လာဇရုကိုလည်းကောင်းမြင်လေ၏။-
24. သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
25. ``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-