လုကာ 16:14-22 Common Language Bible (BCL)

14. ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။-

15. ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။

16. ``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-

17. သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။

18. ``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။

19. ``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။-

20. သူ​၏​အိမ်​တံ​ခါး​အ​နီး​တွင်​လာ​ဇ​ရု​ဆို​သူ ဆင်း​ရဲ​သား​တစ်​ယောက်​သည်​တုံး​လုံး​လဲ​နေ​၏။ သူ့​မှာ​တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​များ​ပေါက်​လျက် ရှိ​၏။ ခွေး​တို့​သည်​လာ​၍​သူ​၏​အ​နာ​စိမ်း​များ ကို​လျက်​ကြ​၏။-

21. သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။-

22. ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-

လုကာ 16