လုကာ 15:9-13 Common Language Bible (BCL)

9. သူ​သည်​ထို​ဒင်္ဂါး​ကို​တွေ့​သော​အ​ခါ​မိတ်​ဆွေ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​၍`ပျောက်​သွား​သော​ဒင်္ဂါး ကို​ငါ​ပြန်​တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-

10. ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။-

12. သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။-

13. ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-

လုကာ 15