6. အိမ်သို့ပြန်ရောက်သောအခါမိတ်ဆွေနှင့်အိမ်နီး ချင်းတို့ကိုခေါ်ကာ`ပျောက်သောသိုးကိုငါပြန် တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်းမြောက်ကြလော့' ဟုဆိုလိမ့်မည်။-
7. ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။
8. ``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။-
9. သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။-
10. ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။