လုကာ 15:4-17 Common Language Bible (BCL)

4. ``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။-

5. ထို​သိုး​ကို​တွေ့​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက် စွာ​ဖြင့်​ပ​ခုံး​ထက်​တွင်​တင်​၍​ထမ်း​လာ​လိမ့် မည်။-

6. အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ​မိတ်​ဆွေ​နှင့်​အိမ်​နီး ချင်း​တို့​ကို​ခေါ်​ကာ`ပျောက်​သော​သိုး​ကို​ငါ​ပြန် တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-

7. ထို​နည်း​တူ​စွာ​နောင်​တ​ရ​ရန်​မ​လို​သော​ဂုဏ် အ​သ​ရေ​ရှိ​သူ​ကိုး​ဆယ့်​ကိုး​ယောက်​အ​တွက် ထက် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ​သည့် အ​တွက်​ကောင်း​ကင်​ဘုံ​တွင်​ပို​၍​ရွှင်​လန်း​ဝမ်း မြောက်​ခြင်း​ရှိ​လိမ့်​မည်​ဟု​ငါ​ဆို​သည်။

8. ``တစ်​နည်း​ကား၊ အ​မျိုး​သ​မီး​တစ်​ဦး​သည်​မိ​မိ မှာ​ရှိ​သည့်​ဒင်္ဂါး​ဆယ်​ပြား​အ​နက်​တစ်​ပြား​ပျောက် သွား​၏။ ထို​အ​ခါ​သူ​သည်​မီး​ထွန်း​၍ အိမ်​ကို လှည်း​ကျင်း​ကာ​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ မည်​မ​ဟုတ်​လော။-

9. သူ​သည်​ထို​ဒင်္ဂါး​ကို​တွေ့​သော​အ​ခါ​မိတ်​ဆွေ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​၍`ပျောက်​သွား​သော​ဒင်္ဂါး ကို​ငါ​ပြန်​တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-

10. ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။-

12. သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။-

13. ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-

14. ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။-

15. သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။-

16. သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။-

17. ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။-

လုကာ 15