26. ထိုအခါလုပ်သားတစ်ယောက်ကိုခေါ်၍ `ဤ အခြင်းအရာကအဘယ်နည်း' ဟုမေး၏။-
27. လုပ်သားက `အရှင်၏ညီသည်ဘေးမဲ့လုံခြုံစွာ ပြန်ရောက်လာသဖြင့် အရှင့်ဖခင်သည်ဆူဖြိုး အောင်ကျွေးထားသောနွားကလေးတစ်ကောင် ကိုသတ်ပါ၏' ဟုဆို၏။-
28. သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။-
29. သားကြီးက `ကျွန်တော်သည်နှစ်ပေါင်းများစွာ အဖ၏အစေကိုခံခဲ့ပါ၏။ အဖ၏အမိန့်ကို အဘယ်အခါကမျှမလွန်ဆန်ခဲ့ဘူးပါ။ သို့ ရာတွင်သူငယ်ချင်းများနှင့်အတူကျွန်တော် ပျော်ပွဲစားရန် အဖသည်အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှမပေးခဲ့ပါ။-
30. အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။-
31. အဖဖြစ်သူက `ငါ့သား၊ သင်သည်ငါနှင့်အတူ အမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကိုသင်ပိုင်၏။-
32. သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။