1. အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။-
2. ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
3. ထိုအခါကိုယ်တော်သည်ပုံဥပမာဆောင်၍၊
4. ``သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် သိုးအကောင်တစ်ရာရှိ၍တစ်ကောင်ပျောက် လျှင်မည်သို့ပြုမည်နည်း။ သူသည်ကျန်ကိုးဆယ့် ကိုးကောင်ကိုစားကျက်တွင်ထားခဲ့၍ ပျောက် သောသိုးကိုမတွေ့မချင်းရှာမည်မဟုတ် လော။-