8. ကိုယ်တော်က ``သင်သည်မင်္ဂလာဆောင်ပွဲသို့ဖိတ် ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသော နေရာတွင်မထိုင်နှင့်။ အကယ်၍သင့်ထက်ဂုဏ် မြင့်သူတစ်ဦးအားလည်းဖိတ်ခေါ်ထားခဲ့သော်။-
9. ပွဲရှင်သည်သင့်ထံသို့လာ၍ `ဤသူအားနေရာ ဖယ်ပေးလိုက်ပါ' ဟုဆိုပေအံ့။ ထိုအခါသင် သည်အရှက်ရလျက် နိမ့်ကျသည့်နေရာတွင် ထိုင်ရလိမ့်မည်။-
10. သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။-
11. မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
12. ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-
13. သို့ဖြစ်၍ကျွေးမွေးဧည့်ခံပွဲကိုကျင်းပ သောအခါဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုဖိတ်ခေါ် လော့။-
14. သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
15. ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။
16. ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
17. အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
18. သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
19. အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
20. အခြားတစ်ယောက်က `အကျွန်ုပ်သည်ယခုပင် အိမ်ထောင်ကျသဖြင့်မလာနိုင်ပါ' ဟုဆို၏။-
21. အစေခံသည်မိမိ၏အရှင်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင်အမျက်ထွက်၍ `လမ်းမလမ်းကြားသို့ အမြန်သွား၍ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုခေါ်ခဲ့လော့' ဟုအစေခံအားစေခိုင်း၏။-
22. မကြာမီအစေခံပြန်ရောက်လာ၍`အရှင်စေ ခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့ရာ တွင်နေရာလပ်ရှိပါသေးသည်' ဟုလျှောက်၏။-
23. အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-