လုကာ 14:7-21 Common Language Bible (BCL)

7. စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-

8. ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-

9. ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။-

10. သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။-

11. မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

12. ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-

13. သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။-

14. သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

15. ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သူ​လူ​တစ်​ယောက် သည်​ထို​စ​ကား​တော်​ကို​ကြား​လျှင် ``ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပွဲ​ဝင်​ရ​မည့်​သူ​သည် မင်္ဂ​လာ​ရှိ​၏'' ဟု​လျှောက်​၏။

16. ကိုယ်​တော်​က ``လူ​တစ်​ယောက်​သည်​ကျွေး​မွေး ဧည့်​ခံ​ပွဲ​ကြီး​တစ်​ရပ်​ကို​ကျင်း​ပ​ရန်​ဧည့်​သည် အ​မြောက်​အ​မြား​ကို​ဖိတ်​ကြား​၏။-

17. အ​ချိန်​ရောက်​သော​အ​ခါ​မိ​မိ​ဖိတ်​ခေါ်​ထား သူ​များ​၏​ထံ​သို့​အ​စေ​ခံ​တစ်​ယောက်​အား စေ​လွှတ်​၍ `ကြွ​ကြ​ပါ၊ အား​လုံး​အ​သင့်​ရှိ ပြီ' ဟု​ပြော​ကြား​စေ​၏။-

18. သူ​တို့​အား​လုံး​တစ်​ယောက်​ပြီး​တစ်​ယောက်​ခွင့်​ပန် ကြ​၏။ ပ​ထ​မ​လူ​က`အ​ကျွန်ုပ်​သည်​လယ်​တစ်​ကွက် ကို​ဝယ်​ထား​သ​ဖြင့်​သွား​၍​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-

19. အခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​နွား​ငါး​ရှဉ်း ကို​ဝယ်​ထား​သ​ဖြင့် သွား​၍​စမ်း​သပ်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-

20. အ​ခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​ယ​ခု​ပင် အိမ်​ထောင်​ကျ​သ​ဖြင့်​မ​လာ​နိုင်​ပါ' ဟု​ဆို​၏။-

21. အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-

လုကာ 14