26. ``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
27. မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-
28. သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။-
29. ထိုသို့တွက်ချက်မကြည့်ဘဲမျှော်စင်ကိုအုတ် မြစ်ချ၍အဆုံးမသတ်နိုင်ရှိချေသော် ကြည့် မြင်သူအပေါင်းတို့သည်ထိုသူအားပြောင် လှောင်ကြလိမ့်မည်။-
30. `ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။-
31. အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
32. အကယ်၍မခုခံနိုင်ပါလျှင်သူသည်စစ်ချီ လာသောဘုရင်အဝေး၌ရှိနေသေးစဉ် သံ တမန်များကိုစေလွှတ်၍စစ်ပြေငြိမ်းရေး စကားကမ်းလှမ်းရပေလိမ့်မည်။-
33. ထိုနည်းတူစွာသင်တို့အနက် မည်သူမဆို မိမိ၌ရှိသမျှကိုမစွန့်လျှင်ငါ၏တပည့် မဖြစ်နိုင်။
34. ``ဆားသည်ကောင်းပေ၏။ သို့ရာတွင်ဆားမှ အငန်ကင်းပျောက်လျှင် အဘယ်သို့မျှငန်သော အရသာကိုပြန်၍မရနိုင်။-
35. လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။