လုကာ 14:19-29 Common Language Bible (BCL)

19. အခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​နွား​ငါး​ရှဉ်း ကို​ဝယ်​ထား​သ​ဖြင့် သွား​၍​စမ်း​သပ်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-

20. အ​ခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​ယ​ခု​ပင် အိမ်​ထောင်​ကျ​သ​ဖြင့်​မ​လာ​နိုင်​ပါ' ဟု​ဆို​၏။-

21. အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-

22. မ​ကြာ​မီ​အ​စေ​ခံ​ပြန်​ရောက်​လာ​၍`အ​ရှင်​စေ ခိုင်း​သည့်​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။ သို့​ရာ တွင်​နေ​ရာ​လပ်​ရှိ​ပါ​သေး​သည်' ဟု​လျှောက်​၏။-

23. အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။-

24. ယ​ခင်​က​ငါ​ဖိတ်​ခေါ်​ထား​သူ​တစ်​ယောက်​မျှ ငါ​၏​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​သို့​မ​ဝင်​ရ​ဟု သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။

25. တစ်​နေ့​သ​၌​လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​လာ​ကြ​၏။ ကိုယ်​တော် သည်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင်၊-

26. ``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-

27. မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။-

28. သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။-

29. ထို​သို့​တွက်​ချက်​မ​ကြည့်​ဘဲ​မျှော်​စင်​ကို​အုတ် မြစ်​ချ​၍​အ​ဆုံး​မ​သတ်​နိုင်​ရှိ​ချေ​သော် ကြည့် မြင်​သူ​အ​ပေါင်း​တို့​သည်​ထို​သူ​အား​ပြောင် လှောင်​ကြ​လိမ့်​မည်။-

လုကာ 14