18. သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
19. အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
20. အခြားတစ်ယောက်က `အကျွန်ုပ်သည်ယခုပင် အိမ်ထောင်ကျသဖြင့်မလာနိုင်ပါ' ဟုဆို၏။-