15. ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။
16. ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
17. အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
18. သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
19. အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-