1. ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
2. ကိုယ်တော်၏ရှေ့တွင်ရေဖျင်းနာစွဲသူလူ တစ်ယောက်ရှိ၏။-
3. ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။
4. သို့ရာတွင်သူတို့သည်ဆိတ်ဆိတ်နေကြ၏။ ကိုယ်တော်သည်သူနာကိုခေါ်လျက်ရောဂါကို ပျောက်ကင်းစေပြီးလျှင်သူ့အားထွက်သွား စေတော်မူ၏။-
5. ကိုယ်တော်က ``သင်တို့အနက်အဘယ်သူသည် မိမိ၏သားဖြစ်စေ၊ နွားဖြစ်စေဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့သော်ချက်ချင်းမဆွဲ မတင်ဘဲနေပါမည်နည်း'' ဟုမေးတော်မူ၏။
6. သို့ရာတွင်သူတို့သည်အဘယ်သို့မျှအဖြေ မပေးတတ်ကြ။
7. စားသောက်ပွဲသို့ဖိတ်ခေါ်ထားသောသူတို့သည် အကောင်းဆုံးသောနေရာများကိုရွေးချယ်နေ ကြသည်ကိုကိုယ်တော်မြင်တော်မူလျှင် ထိုသူ တို့အားပုံဥပမာတစ်ခုကိုမိန့်ကြားတော်မူ၏။-
8. ကိုယ်တော်က ``သင်သည်မင်္ဂလာဆောင်ပွဲသို့ဖိတ် ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသော နေရာတွင်မထိုင်နှင့်။ အကယ်၍သင့်ထက်ဂုဏ် မြင့်သူတစ်ဦးအားလည်းဖိတ်ခေါ်ထားခဲ့သော်။-
9. ပွဲရှင်သည်သင့်ထံသို့လာ၍ `ဤသူအားနေရာ ဖယ်ပေးလိုက်ပါ' ဟုဆိုပေအံ့။ ထိုအခါသင် သည်အရှက်ရလျက် နိမ့်ကျသည့်နေရာတွင် ထိုင်ရလိမ့်မည်။-
10. သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။-
11. မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
12. ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-