လုကာ 14:1-10 Common Language Bible (BCL)

1. ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​သည်​အ​စား အ​စာ​သုံး​ဆောင်​တော်​မူ​ရန် ဖာ​ရိ​ရှဲ​အ​ကြီး အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ထို အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ချောင်း ကြည့်​နေ​ကြ​၏။-

2. ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။-

3. ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။

4. သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။-

5. ကိုယ်​တော်​က ``သင်​တို့​အ​နက်​အ​ဘယ်​သူ​သည် မိ​မိ​၏​သား​ဖြစ်​စေ၊ နွား​ဖြစ်​စေ​ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​သော်​ချက်​ချင်း​မ​ဆွဲ မ​တင်​ဘဲ​နေ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။

6. သို့​ရာ​တွင်​သူ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ဖြေ မ​ပေး​တတ်​ကြ။

7. စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-

8. ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-

9. ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။-

10. သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။-

လုကာ 14