လုကာ 13:5-21 Common Language Bible (BCL)

5. သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

6. ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-

7. ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။-

8. ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။-

9. နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။

12. သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-

13. သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။

14. ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။

15. သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။-

16. အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။-

17. ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

18. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​အ​ဘယ်​အ​ရာ​နှင့်​တူ​သ​နည်း။ အ​ဘယ် အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-

19. နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ မုန် ညင်း​စေ့​ကို​လူ​တစ်​ယောက်​သည်​ယူ​၍​မိ​မိ​၏ ဥ​ယျာဉ်​တွင်​စိုက်​၏။ ထို​အ​စေ့​မှ​အပင်​ပေါက် ၍​ကြီး​မား​လာ​သ​ဖြင့် ထို​အ​ပင်​၏​အ​ကိုင်း အ​ခက်​များ​တွင်​ငှက်​များ​နား​နေ​ရ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

20. တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-

21. နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ တ​ဆေး ကို​အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ယူ​ပြီး​လျှင် မုန့်​ညက်​သုံး​စိတ်​တွင်​ထည့်​၍​မုန့်​ညက်​အား​လုံး ကို​ဖောင်း​ကြွ​လာ​စေ​သည်'' ဟု​မိန့်​တော်​မူ​၏။

လုကာ 13