လုကာ 13:1-3 Common Language Bible (BCL)

1. ထို​အ​ချိန်​၌​လူ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​၍ ပိ​လတ်​မင်း​သတ်​ဖြတ်​လိုက် သည့်​ဂါ​လိ​လဲ​အ​မျိုး​သား​များ​အ​ကြောင်း ကို​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​သည်​ယဇ် ပူ​ဇော်​လျက်​ရှိ​နေ​စဉ်​သတ်​ဖြတ်​ခြင်း​ကို ခံ​ခဲ့​ရ​ကြ​၏။-

2. ကိုယ်​တော်​က ``ထို​လူ​စု​သည်​ယင်း​သို့​အ​သတ် ခံ​ရ​သ​ဖြင့်​အ​ခြား​ဂါ​လိ​လဲ​အ​မျိုး​သား အ​ပေါင်း​တို့​ထက်​ပို​၍ အ​ပြစ်​ကူး​သူ​များ ဖြစ်​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ သူ တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။-

3. သို့​ရာ​တွင်​သင်​တို့​သည်​လည်း​နောင်​တ​မ​ရ ကြ​လျှင် ထို​သူ​တို့​နည်း​တူ​သေ​ကျေ​ပျက်​စီး ရ​လိမ့်​မည်။-

10-11. ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​ဟော​ပြော​သွန် သင်​လျက်​နေ​တော်​မူ​ရာ တ​ရား​ဇ​ရပ်​တွင်​တစ် ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​နတ်​မိစ္ဆာ​ပူး​ဝင်​သ​ဖြင့် မ​သန်​မ​စွမ်း​ဖြစ်​လျက်​နေ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရှိ​၏။ သူ​သည်​ကျော​ကုန်း​၍​မိ​မိ ၏​ခါး​ကို​လုံး​ဝ​မ​ဆန့်​နိုင်။-

လုကာ 13