လုကာ 12:6-9 Common Language Bible (BCL)

6. ``စာ​က​လေး​ငါး​ကောင်​ကို​အ​ဿ​ရိ​နှစ်​ပြား ဖြင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​စာ​က​လေး​တစ်​ကောင်​ကို​မျှ​မေ့ လျော့​တော်​မ​မူ။-

7. သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။

8. ``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-

9. ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။

လုကာ 12