လုကာ 12:53-57 Common Language Bible (BCL)

53. ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

54. ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။-

55. တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။-

56. ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။''

57. ``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။-

လုကာ 12