လုကာ 12:44-47 Common Language Bible (BCL)

44. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။-

45. သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-

46. ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။

47. ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-

လုကာ 12