38. သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။-
39. အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။-
40. လူသားသည်သင်တို့မမျှော်လင့်သည့်အချိန် ၌ကြွလာမည်ဖြစ်၍သင်တို့အသင့်ရှိနေကြ လော့'' ဟုမိန့်တော်မူ၏။
41. ပေတရုက ``အရှင်၊ ဤပုံဥပမာကိုအကျွန်ုပ် တို့အတွက်မိန့်တော်မူပါသလော။ သို့တည်း မဟုတ်လူခပ်သိမ်းတို့အတွက်လော'' ဟု မေးလျှောက်၏။
42. သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။-
43. တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
44. အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။-
45. သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။-
46. ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။
47. ``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။-
48. သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
49. ``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။-
50. ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
51. ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။-
52. ယခုမှစ၍လူငါးယောက်ရှိသည့်အိမ်ထောင် တွင်နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်က တစ်ဖက်စိတ်ဝမ်းကွဲပြားကြလိမ့်မည်။-
53. ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။
54. ထိုနောက်ကိုယ်တော်က ``အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာလိမ့် မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏။ သင် တို့ပြောသည့်အတိုင်းလည်းဖြစ်တတ်၏။-