28. ယုံကြည်ကိုးစားခြင်းနည်းပါးသူတို့၊ ယနေ့ ကွင်းထဲတွင်ရှိ၍နက်ဖြန်မီးဖိုထဲသို့ရောက် ရသောတောမြက်ကို ဘုရားသခင်သည်ဤသို့ ဝတ်ဆင်ပေးလျှင် သင်တို့အားထိုထက်မက ဝတ်ဆင်ပေးမည်မဟုတ်လော။''
29. ``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။-
30. ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။-
31. သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။
32. ``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
33. သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
34. အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာ သို့ သင်တို့စိတ်သည်လည်းရောက်တတ်သော ကြောင့်ဖြစ်၏။''
35. ``သင်တို့သည်အဆင်သင့်ဖြစ်ရန်ခါးကိုစည်း လျက်မီးခွက်များကိုထွန်းညှိထားကြလော့။-
36. မင်္ဂလာဆောင်မှပြန်လာသောမိမိတို့၏သခင် သည်တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေး ရန်စောင့်မျှော်နေကြသောအစေခံများကဲ့ သို့ဖြစ်ကြလော့။-
37. အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
38. သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။-
39. အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။-