11. ``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
12. သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
13. ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။
14. ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
15. ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
16. ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊-