1. ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
2. ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။-
3. သို့ဖြစ်၍မှောင်မိုက်တွင်သင်တို့ပြောသောစကား များကိုအလင်းတွင်လူတို့ကြားသိကြလိမ့် မည်။ အိမ်အတွင်းခန်းတွင်သင်တို့တီးတိုးပြော ဆိုသောစကားများကိုအိမ်ခေါင်မိုးထက်မှ ကြွေးကြော်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4. ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-