1. ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
2. ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။-
3. သို့ဖြစ်၍မှောင်မိုက်တွင်သင်တို့ပြောသောစကား များကိုအလင်းတွင်လူတို့ကြားသိကြလိမ့် မည်။ အိမ်အတွင်းခန်းတွင်သင်တို့တီးတိုးပြော ဆိုသောစကားများကိုအိမ်ခေါင်မိုးထက်မှ ကြွေးကြော်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4. ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-
5. သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
6. ``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။-
7. သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။
8. ``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
9. ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
10. ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။