52. ``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
53. ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။-
54. နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။