လုကာ 1:62-65 Common Language Bible (BCL)

62. ထို​နောက်​ဖ​ခင်​၏​ဆန္ဒ​ကို​လက်​ရိပ်​ပြ​၍​စုံ​စမ်း​ကြ​၏။

63. ဇာ​ခ​ရိ​သည်​သင်​ပုံး​တစ်​ချပ်​ကို​တောင်း​ယူ​ပြီး လျှင် ``သူ​ငယ်​၏​နာ​မည်​ကား​ယော​ဟန်​ဖြစ်​၏'' ဟု ရေး​၏။-

64. ထို​အ​ခါ​ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။ ချက်​ချင်း​ပင်​ဇာ​ခ​ရိ​ပြန်​လည်​စ​ကား​ပြော​နိုင် သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း လေ​၏။-

65. အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။-

လုကာ 1