22. ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
23. ထိုနောက်သူ၏တာဝန်ကုန်ဆုံးချိန်၌အိမ်ကို ပြန်လေ၏။-
24. ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။-
25. ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
26. ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
27. ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
28. သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
29. ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။-
30. ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
31. သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
32. ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
33. သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။
34. မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။
35. ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
36. သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
37. ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
38. မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။
39. များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။-
40. သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။-
41. ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊-