လုကာ 1:20-34 Common Language Bible (BCL)

20. နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

21. လူ​တို့​သည်​ဇာ​ခ​ရိ​ကို​စောင့်​မျှော်​လျက်​နေ ကြ​၏။ ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​ထဲ​တွင် ကြန့်​ကြာ​နေ​သည်​ကို​အံ့​သြ​ကြ​၏။-

22. ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​က​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​တော့​သ​ဖြင့် ဗိ​မာန်​တော်​ထဲ တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ခဲ့​ကြောင်း​သူ​တို့ ရိပ်​မိ​ကြ​၏။ ဇာ​ခ​ရိ​သည်​စ​ကား​အ​၍​လက် ရိပ်​ခြေ​ရိပ်​ပြ​လျက်​သာ​နေ​၏။

23. ထို​နောက်​သူ​၏​တာ​ဝန်​ကုန်​ဆုံး​ချိန်​၌​အိမ်​ကို ပြန်​လေ​၏။-

24. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သူ​၏​ဇ​နီး ဧ​လိ​ရှ​ဗက်​သည် ကိုယ်​ဝန်​ရှိ​၍​ငါးလ​ပတ်​လုံး အိမ်​တွင်း​အောင်း​လျက်​နေ​၏။-

25. ဧ​လိ​ရှ​ဗက်​က ``ယ​ခု​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ငါ့​အား​လူ​တို့​ကဲ့​ရဲ့​ရှုတ် ချ​ခြင်း​ကို​ကိုယ်​တော်​ပ​ပျောက်​စေ​တော်​မူ​ပြီ'' ဟု​ဆို​၏။

26. ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ သို့​စေ​လွှတ်​တော်​မူ​၏။-

27. ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ ဖြစ်​၏။-

28. သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန် သည်​မာ​ရိ​ထံ​သို့​လာ​၍ ``ထူး​ကဲ​သော​ကျေးဇူး တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်'' ဟု​ဆို​၏။

29. ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ် မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ် သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။-

30. ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-

31. သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။-

32. ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။-

33. သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။

34. မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။

လုကာ 1