1. ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
2. သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
3. ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
4. မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
5. ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
6. သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
7. ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။