ရှောလမုန်သီချင်း။ 5:3-8 Common Language Bible (BCL)

3. ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊

4. ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။

5. ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။

6. မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။

7. အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။

8. မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။

ရှောလမုန်သီချင်း။ 5