7. ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။
8. ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
9. ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
10. ဆောင်းကာလလွန်ပြီ။ မိုဃ်းလည်းကြည်လင်ပြီ။
11. မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။