ရှောလမုန်သီချင်း။ 2:1-4 Common Language Bible (BCL)

1. ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။

2. တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။

3. ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။

4. ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။

ရှောလမုန်သီချင်း။ 2