ရှင်ယောဟန် 9:31-41 Common Language Bible (BCL)

31. ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မ​မူ​ပါ။ ကိုယ် တော်​အား​ကိုင်း​ရှိုင်း​ရို​သေ​လျက်​အ​လို​တော် အ​တိုင်း လုပ်​ဆောင်​သော​သူ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​သာ​နား​ညောင်း​တော်​မူ​ပါ​၏။-

32. ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။-

33. ဤ​သူ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ သူ​မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​မ​တတ် နိုင်​ပါ'' ဟု​ဆို​၏။

34. ထို​သူ​တို့​က ``သင်​သည်​ဝမ်း​တွင်း​ပါ​အ​ပြစ် နှင့်​ကြီး​ပြင်း​လာ​သူ​ဖြစ်​ပါ​လျက် ငါ​တို့​အား သွန်​သင်​နေ​ပါ​သ​လော'' ဟု​ဆို​၍​တ​ရား ဇ​ရပ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။

35. ဤ​သို့​နှင်​ထုတ်​လိုက်​ကြောင်း​ကို​သ​ခင်​ယေ​ရှု ကြား​တော်​မူ​ပြီး​နောက် ထို​သူ​ကို​တွေ့​တော်​မူ လျှင် ``သင်​သည်​လူ​သား​ကို​ယုံ​ကြည်​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။

36. ထို​သူ​က ``အ​ရှင်၊ လူ​သား​ကား​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း။ အ​ကျွန်ုပ်​ယုံ​နိုင်​ရန်​လူ​သား​သည် မည်​သူ​နည်း'' ဟု​လျှောက်​၏။

37. သ​ခင်​ယေ​ရှု​က ``သူ့​ကို​သင်​မြင်​ဖူး​၏။ သူ​သည် ကား​ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သူ​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

38. မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``အ​ရှင်၊ အ​ကျွန်ုပ် ယုံ​ကြည်​ပါ​၏'' ဟု​ဆို​၍​ကိုယ်​တော်​အား​ပျပ်​ဝပ် ရှိ​ခိုး​လေ​၏။

39. သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

40. ကိုယ်​တော်​၏​အ​နီး​တွင်​ရှိ​နေ​ကြ​သော​ဖာ​ရိ​ရှဲ တို့​သည်​ထို​စ​ကား​တော်​ကို​ကြား​သ​ဖြင့် ``အ​ကျွန်ုပ် တို့​သည်​လည်း​မျက်​မ​မြင်​များ​ဖြစ်​သည်​ဟု​ဆို​လို ပါ​သ​လော'' ဟု​မေး​ကြ​၏။

41. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 9