26. ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။
27. ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
28. ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
29. ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
30. မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
31. ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-