ရှင်ယောဟန် 9:12-23 Common Language Bible (BCL)

12. လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။

13. လူ​တို့​သည်​ယ​ခင်​က​မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-

14. သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။-

15. ဖာ​ရိ​ရှဲ​တို့​သည်​ထို​သူ​မျက်​စိ​အ​လင်း​ရ​ရှိ လာ​ပုံ​ကို​မေး​မြန်း​ကြ​၏။ ထို​သူ​က ``သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​ပေး​ပါ​၏။ ထို​နောက်​အ​ကျွန်ုပ်​သည်​မျက်​စိ​ကို​ဆေး​လိုက် ရာ​မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ဆို​၏။

16. အ​ချို့​သော​ဖာ​ရိ​ရှဲ​တို့​က ``ထို​သူ​သည်​ဥ​ပုသ် မ​စောင့်​သ​ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ သူ​မ​ဟုတ်'' ဟု​ဆို​ကြ​၏။အ​ချို့​က​မူ ``အ​ပြစ်​ကူး​သူ​တစ်​စုံ​တစ်​ယောက် သည်​အ​ဘယ်​သို့​လျှင် ဤ​သို့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​လျှင်​ထို​သူ​တို့​သည် အ​ချင်း​ချင်း​စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ ကြ​၏။

17. ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။

18. သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။-

19. သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။

20. မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။-

21. သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-

22. ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။-

23. ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။

ရှင်ယောဟန် 9