ရှင်ယောဟန် 9:1-5 Common Language Bible (BCL)

1. ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။-

2. တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။

3. သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။-

4. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-

5. ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 9