1. ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
2. တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။
3. သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-