ရှင်ယောဟန် 8:44-49 Common Language Bible (BCL)

44. သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-

45. ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။-

46. ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။-

47. ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။

48. သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။

49. သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-

ရှင်ယောဟန် 8