43. ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
44. သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
45. ငါသည်သစ္စာစကားကိုပြောသောကြောင့်သင် တို့ငါ့ကိုမယုံကြ။-
46. ငါသည်အပြစ်ကူးသူဖြစ်ကြောင်းအဘယ် သူသက်သေပြနိုင်သနည်း။ ငါသည်သစ္စာစကား ကိုပြောဆိုလျှင်အဘယ်ကြောင့်သင်တို့မယုံ ကြသနည်း။-
47. ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။
48. သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။
49. သခင်ယေရှုက ``ငါသည်နတ်မိစ္ဆာစွဲကပ်သူ မဟုတ်။ ငါသည်ငါ့ခမည်းတော်ကိုချီးမြှောက် ၏။ သင်တို့ကားငါ့ကိုရှုတ်ချကြ၏။-
50. ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။-
51. အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
52. ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
53. သင်သည်သေလွန်သူငါတို့၏အဖအာဗြဟံ ထက်ပင်ကြီးမြတ်ပါသလော။ ပရောဖက်တို့ သည်လည်းသေလွန်လေပြီ။ သင်သည်မိမိကိုယ် ကိုအဘယ်သူဟုထင်မှတ်ပါသနည်း'' ဟု မေးကြ၏။